Course

Course နှင့်ပက်သက်၍

Course ကျောင်းဝင်ချိန် စာသင်ချိန်နာရီစုစုပေါင်း
1 year Course 4လပိုင်း နာရီ800
1.5 year Course 10လပိုင်း နာရီ1,200
year Course 4月လပိုင်း နာရီ1,600

သင်ကြားမှု့အကြောင်းအရာများ

ဂျပန်ဘာသာစကား[အရေး၊အဖတ်၊အပြော၊နားထောင်မှု]စွမ်းရည်၎မျိုးကိုဟန်ချက်ညီတိုးတက်လာစေရန်သင်ကြားပို့ချပေးပါမည်။
လေ့လာသင်ယူသူများ၏လိုအပ်ချက်အမျိုးမျိုးနှင့်လိုက်လျောညီထွေဖြစ်စေမည့်သင်ကြားမှု့ အကြောင်းအရာများကိုပြင်ဆင်ထားရှိပါသည်။

Level အလိုက်ခွဲခြားထားသည့်သင်ကြားမှု့အကြောင်းအရာများ

Elementary level Elementary levelဂျပန်စာ အက္ခရာ Hiragana, Katakana စာလုံးများ လေ့လာသင်ယူခြင်း၊ နှုတ်ခွန်းဆက်စကား ပြောဆိုမှုအသုံးအနှုန်းများ၊ အခြေခံ စာကြောင်းပုံစံများလေ့လာသင်ယူခြင်း၊လွယ်ကူရိုးရှင်းသော နေ့စဉ်သုံးစကားပြော ပုံစံများလေ့လာသင်ယူခြင်း၊ လွယ်ကူရိုးရှင်းသောစာစီစာကုံးရေးသားမှု လေ့လာသင်ယူခြင်း၊ ပြောဆိုသည့်နေရာ၊ ပြောဆို ဆက်ဆံရသည့်တဖက်လူစသည့်အခြေအနေတို့အပေါ် မူတည်၍ စကားလုံးပုံစံများ ခွဲခြားသုံးစွဲ တတ်အောင်လေ့ကျင့်သင်ယူခြင်း၊ ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ LevelN4 အောင်မြင် နိုင်သည့် ဂျပန်ဘာသာ ကျွမ်းကျင်မှု စွမ်းရည်ရရှိနိုင်သည်အထိလေ့လာသင်ယူနိုင်ပါသည်။
Pre-Intermediate level Pre-Intermediate levelအခြေခံအဆင့်တွင်သင်ယူလေ့ကျင့်ခဲ့သော ၀ါကျပုံစံများကိုပြန်လည်လေ့ကျင့်ရင်းဖြင့်အသင့်တင့်ခက်ခဲသောအကြောင်းအရာများကိုနားလည်လာစေခြင်း၊ မေးခွန်းမေးမြန်းခြင်း ပြန်လည်ဖြေကြားခြင်း စသည့်ကျွမ်းကျင်မှု့စွမ်းရည်ရရှိနိုင်အောင်လေ့ကျင့်သင်ကြားပေးပါမည်။နေ့စဉ်သုံးစကားပြောများတွင်သုံးစွဲသည့် အသုံးအနှုန်းများကို လေ့ကျင့်သင် ယူနှိုင်ပါမည်။ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ LevelN3 အောင်မြင် နိုင်သည့် ဂျပန်ဘာသာကျွမ်းကျင်မှုစွမ်းရည်ရရှိနိုင်သည်အထိလေ့လာသင်ယူနိုင်ပါသည်။
Intermediate Level Intermediate Levelရှည်လျှားသည့်စကားပြောစွမ်းရည်၊စကား ပြောဆိုရာတွင်တဖက်သား၏အတွေးအမြင်အားဆန့်ကျင်၍တုံ့ပြန်ပြောဆိုသည့်အခါ အကြောင်းပြချက်များကို ကျိုးကြောင်းဆီလျော်စွာ ဆွေးနွေးပြောဆို နိုင်လာစေရန်လေ့လာသင်ယူနိုင်ပါမည်။ နေ့စဉ်သုံးစကားပြောများကိုပြေပြစ်စွာပြောဆိုသုံးစွဲနိုင်ပါမည်။ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ Level N2အောင်မြင်နိုင်သည့် ဂျပန်ဘာသာ ကျွမ်းကျင်မှုစွမ်းရည်ရရှိနိုင်သည်အထိလေ့လာသင်ယူနိုင်ပါသည်။
Upper-intermediate level Upper-intermediate levelဂျပန်နိုင်ငံ၏လူနေမှုဘ၀ပြဿနာများနှင့်ဆက်စပ်လျှက်ရှိသောအနည်းငယ်ခက်ခဲသည့်အကြောင်းအရာများကိုနားလည်လာပြီး မိမိ၏အတွေးအခေါ်ယူဆပုံကိုရိုးရှင်းစွာဖော်ပြနိုင်သော ဂျပန်ဘာသာကျွမ်းကျင်မှု စွမ်းရည်ကိုလေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံတက္ကသိုလ်များ တွင်ဆက်လက်ပညာဆည်းပူးရန်အတွက် လိုအပ်သော description ရေးသားဖော်ပြချက်များDiscussion ဆွေးနွေးပြောဆိုမှုများ ကိုလေ့ကျင့်သင်ယူနိုင်ပါမည်။
Upper- level 1 Upper- level 1ဂျပန်နိုင်ငံ၏လူနေမှုဘ၀ပြဿနာများနှင့်ဆက်စပ်လျှက်ရှိသောခက်ခဲသည့်အကြောင်းအရာများကိုနားလည်လာပြီး မိမိ၏အတွေးအခေါ်ယူဆပုံကိုဖော်ပြနိုင်သော ဂျပန်ဘာသာကျွမ်းကျင်မှု စွမ်းရည် ကိုလေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံတက္ကသိုလ်များ တွင် ဆက်လက်ပညာဆည်းပူးရန်အတွက်လိုအပ်သော description ရေးသားဖော်ပြချက်များ Discussion ဆွေးနွေးပြောဆိုမှုများ ကိုလေ့ ကျင့်သင်ယူနိုင်ပါမည်။ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ ( JLPT N1 Level ) အောင်မြင်နိုင်သည့် ဂျပန်ဘာသာ ကျွမ်းကျင်မှုစွမ်းရည်ရရှိနိုင်သည်အထိလေ့လာသင်ယူနိုင်ပါသည်။
Upper- level 2 Upper- level 2စီးပွားရေးလုပ်ငန်းသုံး ပြောဆိုသုံးစွဲမှုများကို လေ့ကျင့်သင်ယူခြင်း ၊ TV သတင်းနှင့် သတင်းစာတို့တွင် သုံးစွဲသော နက်နဲခက်ခဲသည့်ဂျပန်ဘာသာ ပြောဆို သုံးစွဲမှုများကို နားလည်သဘောပေါက်ကာ Presentation နှင့် အဆင့်မြင့် ၀ါကျတည်ဆောက်မှု စွမ်းရည်များ ရရှိအောင် လေ့ကျင့်ပေးပါမည်။
ဂျပန်ဘာသာကျွမ်းကျင်မှု့ဆိုင်ရာအရည်အချင်းစစ်လက်မှတ်ရယူလိုခြင်း
「ဂျပန်ဘာသာကျွမ်းကျင်မှု့အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန်အတွက်တစ်နှစ်လျှင်၂ကြိမ်သာအခွင့်အရေး ရှိသောကြောင့်သေချာပေါက်အောင်မြင်လိုသည်」ဆိုသည့်ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသင်ခန်းစာများလေ့လာသင်ယူချိန်အတွင်း၌ပင်ပုံစံတူ အရည်အချင်းစစ်စာမေးပွဲများကိုကျင်းပ၍ လေ့ကျင့်ပေးလျှက်ရှိပါသည်။ ယင်းသို့စာမေးပွဲများကျင်းပပေးသည့်အတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုပုံဖြေဆိုနည်း နားမလည်၍ စိုးရိမ်ပူပန်နေသူများ၊ မိမိလက်ရှိအခြေနေဖြင့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်နိုင်ခြေရှိမရှိစသည့်စိတ်မအေးရမှူများလည်းပြေပျောက်နိုင်စေပြီးမိမိကိုယ်မိမိယုံကြည်ချက်အပြည့်ဖြင့်စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ပါလိမ့်မည်။
ဂျပန်နိုင်ငံ၏တက္ကသိုလ်များတွင်ပညာသင်ယူလိုသူများ
ဂျပန်နိုင်ငံတွင်တက္ကသိုလ်စာမေးပွဲဝင်ရောက်ဖြေဆိုလိုခြင်းတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(EJU)ဝင်ရောက်ဖြေဆိုလိုသည့်ကျာင်းသားကျောင်းသူများအတွက်ကာလရှည် ကျောင်းပိတ်ရက် (နွေဦးနှင့်နွေရာသီကျောင်းပိတ်ရက်)ကာလအတွင်း၌ ပညာတော်သင်ကျောင်းသားများ၏တက္ကသိုလ်ဝင်ခွင့်စာမေးပွဲEJU (Examination for Japanese University Admission for International Students)အတွက် အဓိက လေ့ကျင့်ပို့ချမှုများစီမံဆောင်ရွက်ထားပါသည်။တက္ကသိုလ်၌ဆက်လက်တတ်ရောက်ရန်ဆန္ဒရှိသည့်ဘာသာရပ်အလိုက်သင်ကြားမည့်အကြောင်းအရာများကိုချိန်ညှိကာသင်ကြား ပို့ချလမ်းညွှန်ပေးလျှက်ရှိပါသည်။
အလုပ်ဝင်ရောက်ရာတွင်အသုံးဝင်သည့်ဂျပန်စာအားလေ့လာလိုသူများ
လုပ်ငန်းခွင်၌အသုံးဝင်မည့်ဂျပန်ဘာသာစကားကိုလေ့လာသင်ယူလိုခြင်းLevel အမြင့်ပိုင်းတွင် Business Manner နှင့်Business Level Japanese တို့ကို လေ့လာ သင်ယူနိုင်ပါသည်။ ယဉ်ကျေးသောအသုံးအနှူန်းများဖြင့်ပြောဆိုသုံးစွဲကြသည့်Business Japanese Expression များမှာစာတွေ့တွင်နားလည်ထားသယောင်နှင့်လက်တွေ့နယ်ပယ်တွင်သုံးစွဲကြသည့်အခါမသုံးစွဲနိုင်သည်များ လည်း ဖြစ်လေ့ရှိပါသည်။လုပ်ငန်းခွင်ဝင်ရောက်ချိန်၌အခက်မတွေ့ကြုံစေရန်အခြေခံပိုင်းမှစ၍ကျွမ်းကျင်စွာတတ်မြောက်နိုင်သည်အထိလေ့လာသင်ယူနိုင်ပါသည်။

သင်ကြားမှု့အချိန်ဇယား

သင်တန်းချိန် နံနက်ပိုင်းသင်တန်း မွန်းလွဲပိုင်းသင်တန်း
ပထမစာသင်ချိန် 09:00~09:50 13:10~14:00
ဒုတိယစာသင်ချိန် 10:00~10:50 14:10~15:00
တတိယစာသင်ချိန် 11:00~11:50 15:10~16:00
စတုတ္ထစာသင်ချိန် 12:00~12:50 16:10~17:00